
စကားတောင်စား ဝတ္ထုတွေကို ကုန်းဘောင်ခေတ်နှောင်း ကာလမှာ ထင်ရှားခဲ့တဲ့ ဝန်စာရေးဦးကြီးက စတင် ရေးဖွဲ့ခဲ့တာပါ။ ဝန်စာရေးဦးကြီး ဆိုတာက တိုင်တားမင်းကြီး ဦးဖိုးရဲ့ ဝန်စာရေးဖြစ်ပြီး ချဉ်ပေါင်ရွက်သည် မောင်မှိုင်း ဝတ္ထုနဲ့ အမည်ထင်ရှားခဲ့သူ ဖြစ်ပါတယ်။ အဲဒီ ချဉ်ပေါင်ရွက်သည် မောင်မှိုင်း ဝတ္ထုဟာ မောင်ရင်မောင် မမယ်မ ဝတ္ထုနဲ့ မရှေးမနှောင်း ပေါ်ပေါက်ခဲ့တဲ့ ဝတ္ထုပါပဲ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ သူ့အမည်ကို ချဉ်ပေါင်ရွက်သည် မောင်မှိုင်း ဝတ္ထုကို သဘောကျပြီး မောင်မှိုင်းလို့ အမည်ခံယူခဲ့တာလို့ ဆိုပါတယ်။
စကားတောင်စား ဝတ္ထုဆိုတာ မြန်မာ့သမိုင်းမှာ တကယ်ရှိခဲ့ဖူးတဲ့ စကားတောင်စားအပေါ် အခြေခံပြီး ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ စကားတောင်စား ဆိုတာက စကားတောင်ရွာက အခွန်အကောက်တွေကို စားရတဲ့ အင်းဝခေတ်က နန်းတွင်းအရာရှိကြီးတစ်ဦး ဖြစ်ပါတယ်။ အမျိုးသမီး စာဆိုတော် နန်းတွင်းမိညိုရဲ့ ဖခင်ပါပဲ။ နန်းတွင်းမိညိုဟာ မနော်ဟရီပျို့ကို ရေးဖွဲ့သီကုံးခဲ့ရာမှာ ပျို့ရဲ့ နိဂုံးပိုင်းမှာ သူ့ဖခင် စကားတောင်စားအကြောင်း ထည့်သွင်း ရေးဖွဲ့ထားပါတယ်။
မနော်ဟရီပျို့မှာ “မလွန်မြေဒူး၊ သာထူးလွတ်ခေါင်၊ စကားတောင်နှင့်၊ စိုးဆောင်ကူးခန်း၊ မတ်ကြငှါန်းကိုး”လို့ ပါရှိသလို စကားတောင်စား အမတ်ဟာ ဟံသာဝတီ ဆင်ဖြူရှင် မင်းတရား လက်ထက်မှာ စကားတောင်ရွာအပြင် မလွန်၊ မြေထဲ၊ ကူးခန့်မြို့တွေကိုလည်း မြို့စားအရာ ရရှိခဲ့ပါတယ်။ သူ့ရဲ့ မင်းပေးဘွဲ့မည်က သီရိဇေယျကျော်ထင် ဖြစ်ပါတယ်။ စကားတောင်စားရဲ့ သမီးက နန်းတွင်းမိညိုလို့ ထင်ရှားတဲ့ အမျိုးသမီး စာဆိုတော် ဖြစ်ပါတယ်။
နန်းတွင်းမိညိုက သူ့ဖခင် စကားတောင်စားက ပေးခဲ့တဲ့ အမည်က ရှင်လှ ဖြစ်ပါတယ်။ ရှင်လှကို သူ့မိဘတွေက မောင်တစ်ဝမ်းကွဲတစ်ယောက်နဲ့ နေရာချထားပေးတယ်။ ရှင်လှ ပဲခူးဟံသာဝတီကို ရောက်နေတုန်းက သူ့ရဲ့ခင်ပွန်း မြင်းခုန်တိုင်စားက တစ်နယ်တစ်ကျေးမှာ ရောက်နေတယ်။ ရှင်လှနဲ့ ဖခင် စကားတောင်စားတို့ကတော့ ပဲခူးဟံသာဝတီကို လိုက်ပါသွားကြရတယ်။ ဟံသာဝတီ ဆင်ဖြူရှင်မင်းက နန်းတွင်းမိညိုအဖြစ် ထင်ရှားတဲ့ ရှင်လှကို မရှုတ်မချ ထားပါတယ်။ ကညင်မြောက်မြို့ကိုတောင် မြို့စားအရာ ပေးခဲ့ပါသေးတယ်။ မနော်ဟရီပျို့ကို ဟံသာဝတီ နန်းတွင်းမှာပဲ ရေးဖွဲ့ခဲ့တာပါ။
စကားတောင်စား ပဲခူးဟံသာဝတီ ရောက်ရှိခဲ့ပုံကလည်း စိတ်ဝင်စားစရာပါပဲ။ ၁၅၅၁ ခုနှစ်မှာ အင်းဝဘုရင် မိုးဗြဲနရပတိက ဟံသာဝတီဘုရင် ဆင်ဖြူရှင်ဆီကို ဝင်ရောက် သစ္စာခံတယ်။ ဒီတော့ အင်းဝမှာ စည်သူကျော်ထင်က နရပတိစည်သူ ဘွဲ့မည်နဲ့ နန်းတက်တယ်။ စကားတောင်စားက နရပတိစည်သူရဲ့ နန်းတွင်းအမတ်ကြီးပါ။ နရပတိစည်သူမင်း လက်ထက်မှာ စကားတောင်စားကို ပဲခူးဟံသာဝတီကို စေလွှတ်ပြီး မဟာမိတ်ဖွဲ့တယ်။ စကားတောင်စားက စကား အပြောအဆို ယဉ်ကျေးသိမ်မွေ့တော့ ဟံသာဝတီသားတွေ စဘောကျကြတာပေါ့။
၁၅၅၅ ခု အင်းဝကို ဟံသာဝတီ ဆင်ဖြူရှင် သိမ်းပိုက်တော့ စကားတောင်စားတို့ သားအဖကို ပဲခူးဟံသာဝတီ ခေါ်ထားပါတယ်။ တကယ်တော့ နန်းကျအင်းဝဘုရင် နရပတိစည်သူနဲ့အတူ လိုက်ပါလာခဲ့ရတာ ဖြစ်ပါတယ်။
ဒါကြောင့် စကားတောင်စားဆိုတာ စာရေးဆရာရဲ့ ဖန်တီးမှုသက်သက် မဟုတ်ဘဲ အပြင်မှာ တကယ်ရှိခဲ့ဖူးတဲ့ နန်းတွင်းအရာရှိကြီး တစ်ဦးပါပဲ။
ဒါကြောင့် စကားတောင်စားဆိုတာ စာရေးဆရာရဲ့ ဖန်တီးမှုသက်သက် မဟုတ်ဘဲ အပြင်မှာ တကယ်ရှိခဲ့ဖူးတဲ့ နန်းတွင်းအရာရှိကြီး တစ်ဦးပါပဲ။
ဆရာတင်နိုင်တိုး၏ ရေးသားမှုကို ကိုကြယ်စင်မှ စာရိုက်တင်ပါသည်။
No comments:
Post a Comment