Friday, December 8, 2017

လူတိုင်းလိုချင်ကြတဲ့ ပီယဆေး သို့မဟုတ် အချစ် ဂါထာ

 ဒီ Spell (မန္တာန်) ဟာ လပြည့်နေ့များမှာပိုမိုထိရောက်တတ်ပါတယ်။ သင်နှင့်သင့်ချစ်သူတို့၏ပုံများကို မျက်နှာချင်းဆိုင်ထပ်၍ စက္ကူကလစ်ဖြင့် တွဲညှပ်ပါ။ အနီရောင်ဖရောင်းတိုင် တစ်တိုင်ကိုထွန်းညှိပြီး သင်နှင့်သင့်ချစ်သူပုံတွဲချုပ်ထားသော ပုံလေးကို ဖန်တုံးတစ်တုံးဖြင့် ဖိပြီးချထားပါ။
ပြီးလျှင်အောက်ပါ Spell (မန္တာန်)ကို ကိုးခေါက်တိတိ ရွတ်ဆိုပါ။ “ကျွန်ုပ်ထက်မြင့်မားသော တန်ခိုးစွမ်းအားများအား ပန်ကြားပါ၏ ကျွန်ုပ်၏ရင်တွင်းလွမ်းမိုးချုပ်ကိုင်ထားသော အိမ်မက်များအားနိုးထပါရန် အဆိုပါဆက်သွယ်မှုသည် ကျွန်ုပ်လိုအင်ကိုသိပါသော်လည်း ပြုစားသောအချစ်ကို အမြန်ဆုံးကျွန်ုပ်ထံရောက်ရှိရန် တောင်းဆိုပါ၏

ကျွန်ုပ်ယနေ့လိုအပ်နေသော အချစ်အတွက် အကောင်းမွန်ဆုံးနည်းအားဖြင့် ဆွဲဆောင်ခြင်းဖြစ်ပါစေသတည်း… ကျွန်ုပ်အတွက် ပြည့်စုံသော အချစ်နှင့်ယုံကြည်မှုကို ပို့ဆောင်ပေးရန် တောင်းဆိုပါ၏ ကျွန်ုပ်၏မှန်ကန်သောတောင်းဆိုမှုကြောင့် နစ်နာခြင်းတစ်စုံတစ်ယောက်မှာမှ မရှိဘဲ အားလုံးကူညီထောက်မ ကြစေသတည်း”

အထက်ပါ Spell (မန္တာန်)ကို ပြုလုပ်ပြီး မကြာခင် မိမိချစ်သူမှ မိမိကို စာရေးသားခြင်း၊ ဖုန်းခေါ်ခြင်း အားဖြင့် ပြန်လည် ဆက်သွယ်လာလိမ့်မည်ဖြစ်ကြောင်း ဂါထာရှင်မှ ပြောဆိုထားပါသည်။ (နာတော့ပြောဝူးနော် 😀 ) စိတ်ဝင်စားသူများစမ်းကြည့်ပြီး ဖြစ်ရင်လဲပြောပေါ့နော်…

 credit 

No comments:

Post a Comment